Thursday, October 28, 2010

ကချင် ယဉ်ကျေးမှုလက်ရှိသမိုင်းသုသေသနပြုစုခြင်း

ပါမောက္ခစတမ် Dr.Stan BH Tan ပို့ချသောသင်တန်း ပထမပို့ချက်ချက်ကို ဒေါက်တာကွမ်ဂျာ (Research Fellow, NUS) နှင့် ကချင်စာပေယဉ်ကျေးမှုကော်မတီမှ ဖိတ်ကြားစီမံမှုဖြင့် National University of Singapore မှ 23-Oct-2010 (Sat) ညနေ ၆နာရီခွဲတွင် ကျင်းပခဲ့ပါသည်။ အပတ်စဉ် စနေနေ့ညနေတိုင်း ပို့ချမည်ဖြစ်ပြီး ၆ပတ်အပြီးတွင် တက်ရောက်သောကချင်လူငယ်များနှင့် ပါမေက္ခတို့ အပြန်အလှန်ဆွေးနွေးချက်၊ အင်တာဗျူးများကို မူတည်ပြီး ကချင်လက်ရှိသမိုင်းကို လက်တွေ့ပြုစုပြမည်ဖြစ်ပါသည်။ mkumja@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it Mobile: 91824886

ပါမောက္ခ ဒေါက်တာစတမ်သည် သြစတြေးလျားနိုင်ငံ National Australian University မှ Ph.D ရရှိခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ မြို့ရွာ၊တောတောင်များတွင် သွားလာ၊အင်တာဗျူးက ဗီယက်နမ်ဆိုင်ရာ စာတမ်းများစွာ ပြုစုခဲ့သူဖြစ်သည်။ အသက် ၃၇နှစ်အရွယ်ရှိပြီး စင်ကာပူတက္ကသိုလ် NUS တွင် ဒေါက်တာဘွဲ့ ၄နှစ် ဆည်းပူးခဲ့ပြီး Research Fellow , USA အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာကွမ်ဂျာ နှင့်ရင်းနှီးသောမိတ်ဆွေဖြစ်ပါသည်။ ဒေါက်တာကွမ်ဂျာသည် ကချင်လူမျိုးဖြစ်ပြီး သူနှင့်ဇနီးသည်တို့မှာ အင်ဂျင်နီယာဘွဲ့ရရှိပြီး M.I.T မန္တလေးစက်မှုတက္ကသိုလ်ဆရာတွင် ကျောင်းဆရာအဖြစ် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စင်ကာပူတွင် နေထိုင်ကြပါသည်။ သူ့မိတ်ဆွေ Professor Stan သည် ကချင်လူမျိုးများကို စိတ်ဝင်စားကာ သုတေသနပြုလုပ်ရန် ယခုကဲ့သို့ သင်တန်းငယ်တစ်ခုကို ကချင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ခွင့်ပြုချက်ဖြင့် စတင်ကျင်းပခြင်းဖြစ်ပါသည်။

သူ၏ လက်ရှိသင်ကြားသောနည်းစနစ်မှာ ယခု သင်တန်းသား ၄၀ ကို တစ်ဦးစီ မိနစ်၂၀ခန့် အင်တာဗျူးပြောဆိုချက်များကို စာဖြင့်ပြန်ရေးပါက စာမျက်နှာ ၄၀၀၀ ခန့် ရရှိမည်ဖြစ်သည်။ ထိုရရှိသော အင်တာဗျူးပြောဆိုချက်များမှ မလိုသည်ကို ထုတ်ပယ်ကာ ကချင်ယဉ်ကျေးမှုသမိုင်းနှင့်ဆိုင်သော အချက်များကို Excel Format နည်းစနစ်ဖြင့် စီစစ်၊သီးသန့်ထုတ်လိုက်ပါက စာမျက်နှာ အနည်းငယ်မျှဖြင့် တိုရင်း၊လိုရှင်း အကယ်ဒမစ်ပုံစံ သုတေသနစာစောင်တစ်ခုကို ရရှိလာမည်ဖြစ်သည်။ ထိုသို့ သုတေသနနည်းစနစ်ကို မြန်မာနိုင်ငံအတွက် စနစ်တကျ မိမိတစ်ဦးတည်းလုပ်ပါက ၁၀နှစ်မျှ ကြာကောင်းကြာမည်ဖြစ်သည်။ ယခု တက်ရောက်လာသူ ကချင်လူငယ်များ စုပေါင်းပြုလုပ်ပါက လက်ရှိကချင်ယဉ်ကျေးမှုနှင့် အတိတ်ဖြစ်ရပ်သမိုင်း စာတမ်းကို ကချင်လူမျိုးများကိုယ်တိုင် ပြုစုနိုင်ရေးအတွက် ရည်ရွယ်ပို့ချကြောင်းသိရပါသည်။

သင်တန်း နေရာ Bethesda Chapel, 27 Lorong Melayu - 3 min walk from Kambagan MRT
Contact: Kum Ja:Kum Ja: mkumja@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
အချိန်။ Every Saturday ( 6:00 pm, 23,30.oct and 6,13.20,27 Nov 2010) at Bethesda Chapel.